“သတင်း”

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) အမျိုးသား၊ အမျိုးသမီး ဂျူဒိုပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုပေးပွဲကျင်းပ

နေပြည်တော် အောက်တိုဘာ ၂၈

၂၀၂၅ ခုနှစ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) အမျိုးသား၊ အမျိုးသမီးဂျူဒိုပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ ၁ (သုဝဏ္ဏ)၌ ပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ပြည့်စုံလင်း၊ တိုင်းစစ်ဌာနချုပ်မှ  အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဒိုင်အဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင်အားကစားသမားများ  တက်ရောက်ကြသည်။

“”ကထိန်ပွဲ””

🌿🔸အမျိုးသားရေးညီအစ်ကိုမောင်နှမများနှင့် မတည်အလှူရှင်များ စုပေါင်းကျင်းပမည့် ဒသမအကြိမ် စုပေါင်းမဟာဘုံကထိန်🔸🌿

🙏🔹ပင့်လျှောက်/ဖိတ်ကြားလွှာ🔹🙏
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

အမျိုးသားရေးညီအစ်ကိုမောင်နှမများနှင့် မတည်အလှူရှင်များစုပေါင်း၍ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (ရန်ကုန်) မှ သံဃာတော်အရှင်သူမြတ်များအား ဒသမအကြိမ်မြောက် မဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းမည်ဖြစ်ပါသဖြင့် အောက်ပါအစီစဥ်အတိုင်း ကြွရောက်ချီးမြှင့်ပေးပါရန် ရိုသေလေးစားစွာ ပင့်လျှောက်/ဖိတ်ကြားအပ်ပါသည်။

🌼 အမျိုးသားရေးညီအစ်ကိုမောင်နှမများ (ရန်ကုန်) 🌼

💠အလှူတော်မင်္ဂလာအစီစဥ်💠

🗓 နေ့ရက် 🗓

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၃ ရက်၊
၁၉-၁၀-၂၀၂၅၊ တနင်္ဂနွေနေ့။

🏠 နေရာ 🏠

ဦးသာသနကျောင်း၊ ဘင်္ဂလားတိုက်၊
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
(ရေခဲဆိုင်မှတ်တိုင်အနီး၊ ရွှေကောင်းဟော့ပေါ့ရှေ့၊ ရွှေကျင်တိုက်မုခ်ဦးမှ ဝင်ရန်)

🙏 ကထိန်သင်္ကန်းကပ်/တရားနာ 🙏

နံနက် ၁၀ နာရီ

☎ ဆက်သွယ်လှူဒါန်းရန် ☎
▬▬▬▬▬▬▬▬▬

၁။ ဦးဆန်းလွင်
၀၉ ၆၇၇ ၇၇၈ ၈၈၁ပ
(KBZ Pay)

၂။ ဦးဝင်းကိုကိုလတ်
၀၉ ၇၇၂ ၁၇၇ ၉၆၉
(Viber၊ KBZ Pay၊ Wave Pay)

၃။ မယဥ်သီတာ
၀၉ ၄၀၅ ၉၃၃ ၃၂၆
(KBZ Pay)

🌹သံဃာတော်အရှင်သူမြတ်တစ်ပါးလျှင် ကျပ်ခုနစ်သောင်းနှုန်းဖြင့် အပါး (၁၀၀) စာ ကျပ်သိန်းခုနစ်ဆယ်၊ ထေရ်ကြီးများနှင့် ပင့်သံဃာဆရာတော်ကြီးများအတွက် ကျပ်သိန်းသုံးဆယ်၊ စုစုပေါင်း ကျပ်သိန်း ၁၀၀ လှူဒါန်းရန် စီစဥ်ထားရှိသည့်အတွက် တစ်ပါးစာသော်လည်းကောင်း၊ မိမိတို့တတ်နိုင်သည့် ပမာဏအလိုက်သော်လည်းကောင်း၊ နည်းသည်များသည် ပဓာနမထားဘဲ မိမိတို့ တတ်အားသရွေ့ လှူဒါန်းနိုင်ကြပါကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်အပ်ပါသည်။🌹

🌻🌻 မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (ရန်ကုန်) မှ သံဃာတော်အရှင်သူမြတ်များ ကထိန်ခင်းနိုင်ရန်အတွက် ကထိန်သင်္ကန်းလှူဒါန်းခွင့်ပြုပါရန် ၁၁-၁၀-၂၀၂၅၊ စနေနေ့ ကထိန်အလှူတော်ဖြစ်မြောက်ရေးအစည်းအဝေးတွင်
မတည်အလှူရှင်များနှင့် အများကိုယ်စားလျှောက်ထားခဲ့ပြီးဖြစ်ကြောင်းနှင့် ယခင်နှစ်များကဲ့သို့ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားနိုင်ရေး ပါဝင်လှူဒါန်းကုသိုလ်ပြုပေးကြပါရန် နှိုးဆော်အပ်ပါသည်။

“”ဖိတ်ကြားလွှာ””

🌿 ဒသမအကြိမ်မြောက် ကထိန်အလှူတော်ဖြစ်မြောက်ရေး အစည်းအဝေးဖိတ်ကြားလွှာ 🌿
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

အမျိုးသားရေးညီအစ်ကိုမောင်နှမများနှင့် အလှူရှင်များစုပေါင်း၍ ဒသမအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်အလှူတော်ကို ၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၃ ရက်၊ ၁၉-၁၀-၂၀၂၅၊ တနင်္ဂနွေနေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ကထိန်ဖြစ်မြောက်ရေး ညှိနှိုင်းအစည်းအဝေးအား အောက်ပါအစီအစဉ်အတိုင်း ပြုလုပ်မည်ဖြစ်ပါသဖြင့် တက်ရောက်ပေးပါရန် လေးစားစွာဖိတ်ကြားအပ်ပါသည်။

🌼 အမျိုးသားရေးညီအစ်ကိုမောင်နှမများ (ရန်ကုန်) 🌼

📋 အစည်းအဝေးအစီအစဥ် 📋

🗓 ၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၅ ရက်၊ ၁၁- ၁၀- ၂ဝ၂၊၅ စနေနေ့။

🕐 မွန်းလွဲ ၁းဝဝ နာရီ

🏠 ဦးသာသနကျောင်း၊ ဘင်္ဂလားတိုက်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့

#AungMyat

.

“” Article “”

.

onlineမှာ
ဖုန်ထပြရုံနဲ့
ဆယ်လီဖြစ်တဲ့
ခေတ်တစ်ခေတ်
ကုန်သွားတာကြာပါပြီ ••

လေထဲကနေညာသံပေးပြီးး
အရေးဆို
ရှေ့ကိုထွက်မလာသူတွေရဲ့
အကျင့်နဲ့စရိုက်ကို
၂၀၁၇ အလွန်ကထဲကနေ
ငါတို့တွေကသိနေပါတယ် •••
ဘေးရန်ကင်းတဲ့
တပ်မတော်ထောက်ခံပွဲတွေ
နှစ်ပတ်လည်ပွဲတွေဆိုရင်
ရှေ့ဆုံးကထွက်ပြီး
ရှော့ခ်ရှိနိုင်တဲ့ပွဲဆို
ဘေးနားကနေတောင်
ရပ်မကြည့်ကြတာကအစ
ငါတို့ကမှတ်မိပါတယ် •••

ဒေါ်စုခေတ်နှောင်းပိုင်း
ဖိနှိပ်မှုကြမ်းချိန် ••
၂၀၂၁ ဆူပူအကြမ်းဖက်
အားကောင်းချိန်မှာ ••
အကြောင်းအမျိုးမျိုးပြ
ရှောင်တိမ်းနေကြသလို၊
မိတ်မပျက်အောင်
မျက်နှာလောက်လာပြပြီး
ကိုယ်ယောင်ဖျောက်
နေတတ်တာက
ဘယ်သူတွေလဲဆိုတာကိုလည်း
ငါတို့ကမှတ်မိပါတယ် •••

မည်သူမဆို
ကိုယ့်ဘဝကိုကိုယ်
ကြိုက်သလိုတည်ဆောက်ခွင့်
ရှိပါတယ် ••
မာယာ၊သာ​ဌေယျကို
အတန်အသင့်သုံးလို့ရပါတယ် ••
ဦးတည်ချက်မှန်ရင်
မသိနားမလည်သူတွေကို
ခပ်ပါးပါးလှည့်စားလို့ရပါတယ် •••
ဒါပေမယ့်
ယုံကြည်သူတွေကို
ချောက်ထဲတွန်းချပြီး
ဘဝတည်ဆောက်ဖို့
ကြိုးစားမယ်ဆိုရင်တော့
သစ္စာဆိပ်သင့်ပါမယ် •••

ရှစ်ပူးပြည်ပြေးစပွန်ဆာ
တရုတ်စပွန်ဆာ
နောက်ကျောဓါးထိုးစပွန်ဆာ
စတဲ့ စပွန်ဆာပင့်ကူအိမ်တွေ
အထပ်ထပ်ရစ်ပတ်နေလို့
တစ်ပါတ်ပြည့်အောင်
မလည်နိုင်တာက
မင်းတို့ရဲ့သမိုင်းပါ ••

အော်ရုံ
လော်ရုံ
ညှော်ရုံ
ရှို့ရုံနဲ့
လောင်တဲ့ခေတ်
တကယ်မရှိတော့တာက
သေချာသွားပါပြီ •••

မင်းတို့မုန်းတဲ့ ~

AungMyat 😊

.

“(၁၁)နှစ်တဲ့ •••

(၁၁)နှစ်လို့ကြားတာဘဲ (စိတ်တော့မကောင်းဘူးနဲလို့) ၊ တပ်မတော်ရှုံးနိမ့်ခဲ့တယ် ၊သိတာပေါ့ ကျွန်တော်တို့သိတာပေါ့ ၊ ဒါပေမဲ့အခက်အခဲကာလမှာခေါင်းဆောင်မှု့ပြိုလဲသွားလို့မရဘူးလေ ၊ ကျွန်တော်တို့ခေါင်းဆောင်ကိုလည်းကျွန်တော်(၁၀၀%)ယုံကြည်ခဲ့တယ် ၊ ဒါကြောင့်လည်းဘယ်လောက်ရှုံးခဲ့ပေမဲ့ အံကြိတ်ပြီးကျွန်တော်လေးစားယုံကြည်တဲ့ခေါင်းဆောင်ဘက်မှာ မားမားမက်မက်ရပ်တည်ပြီးခိုင်ခိုင်မာမာထောက်ခံခဲ့တယ် ၊ ဒီကနေ့ရလဒ်တွေကကျွန်တော်တို့ယုံကြည်အားကိုးခဲ့တဲ့ခေါင်းဆောင်ဟာနိုင်ငံတော် ၊ နိူင်ငံသားတွေနဲ့တပ်မတော်အတွက်အမှန်တကယ်ယုံကြည်လေးစားအားထားရတဲ့ခေါင်းဆောင်ဖြစ်တယ်ဆိုတာကိုသက်သေပြနေတယ် ၊ သူဟာစနစ်ကျတယ် ၊ တည်ငြိမ်တယ် ၊ ဘယ်အရာကိုမှဖြစ်သလိုမလုပ်ခဲ့ဘူး ၊ ဖြစ်သလိုမလုပ်တတ်ဘူးဆိုတာဒီနေ့ရလဒ်တွေကသက်သေပြနေတယ် ၊ သူဟာ ပြာပုံထဲကတောင်ပြန်လည်ရှင်သန်နိူင်တဲ့ဖိနစ်ငှက်(phoenix)တစ်ကောင်ဖြစ်တယ်လို့တင်စားချင်တယ် ၊ ဒါပေမဲ့သူအားနည်းနေတဲ့အချိန်မှာအတူတကွရပ်တည်ရမဲ့အစားဝိုင်းပြီးတွန်းလှဲဖို့ကြိုးစားခဲ့ကြတယ် ၊ တပ်မတော်သားနဲ့တပ်မတော်ခေါင်းဆောင်ကိုသီးခြားစီခွဲထုတ်ပြီးရည်ရွယ်ချက်ရှိရှိစနစ်တကျထိုးနှက်ခဲ့ကြတယ် ၊ အဲ့ဒီလိုလုပ်ရပ်တွေကိုရည်ရွယ်ချက်ရှိရှိလုပ်ဆောင်ခဲ့သူတစ်ယောက်အတွက်ပြစ်ဒဏ်က(၁၁)နှစ်ဆိုတော့ ! ! ! !

credit:အောင်မင်းMHT News

.

“တိုက်ပွဲသတင်း”

.

copied text.

01/08/2025 ရက်နေ့ကစပြီး မြင်းခြံပြည်သူ့စစ်ခေါင်းဆောင်ဒေါ်သီတာယုမွန်နှင့် မိမိတပ်မတော်စစ်ကြောင်းဟာ မြင်းခြံ-နွားထိုးကြီးလမ်းတစ်လျှောက်အထူးစစ်ဆင်ရေးတစ်ရပ်ဆင်နွဲနေပါတယ်။

ဒီလိုစစ်ဆင်ရေးဆင်နွဲနေတဲ့ဒေါ်သီတာယုမွန်နဲ့မိမိတပ်မတော်စစ်ကြောင်းကို မြင်းခြံ Black Tiger အဖွဲ့၊ ထနောင်းမြေPDFအဖွဲ့၊ အမှတ်(၂)PDFတပ်ရင်းတို့အပြင် နွားထိုးကြီးပခဖနဲ့ စိုးအောင်ခေါင်းဆောင်သောနွားထိုးကြီးPDFများက စုပေါင်းပြီး ခံစစ်ဆင်ကြပါတယ်။

ဒါပေမဲ့ မိမိတပ်မတော်စစ်ကြောင်းနဲ့ ဒေါ်သီတာယုမွန်တို့အဖွဲ့ရဲ့ တိုးအားကို မခံနိုင်သည့်အတွက် ရန်သူဟာ

သစ်ပင်ရှည်ရွာ
စမ်းကျရွာ
စံပြ ရွာ
ခင်မကန်ရွာ
မြာက်ကုန်းရွာ
တဲရွာ
ပျော်ဖွယ်ရွာ
သမုန်းကိုင်းရွာ
ရသာ
ဖုံရွာ
ဖောင်းကားရွာ
ဗလုံရွာ

စတဲ့ ရွာပေါင်း(၁၂)ရွာကိုလက်လွတ်ပြီး ထွက်ပြေးဆုတ်ခွါသွားရပါတယ်။

ယနေ့နေ့လည်သိမ်းပိုက်ရရှိတဲ့ ဗလုံရွာသိမ်းတိုက်ပွဲမှာ နွားထိုးPDF များ အထိနာခဲ့ပါတယ်။

မြောက်ကုန်းရွာဟာဆိုရင်ဖြင့်
အမှတ်(၂)PDFတပ်ရင်းအထိုင်ချထားတဲ့ရွာဖြစ်နေတဲ့အတွက် တိုက်ပွဲဟာ နှစ်ဘက်ပြင်းထန်ခဲ့ပါတယ်လို့ ဒေါ်သီတာယုမွန်ဆီမှတဆင့်သိခဲ့ရပါတယ်။

ကိုခိုင်ဇော်

၀၈/၀၈/၂၀၂၅

AungMyat

.

ဟိုခို •••

.

copied text.

ပြင်ဦးလွင်/မိုးကုတ်လမ်းပေါ်ရှိ အချက်ချာကြသော ဟိုခိုရွာကြီးအဝင်တွင်ရှိသော tnla စစ်ဆေးရေးဂိတ်နေရာကို မိမိစစ်ကြောင်းများမှ ယနေ့၁၈:၀၀အချိန်မှာ သိမ်းပိုက်ရရှိခဲ့ပါတယ်။

ကိုခိုင်ဇော်

၀၇/၀၈/၂၀၂၅

AungMyat

.

😭😢😭

.

ဝမ်းနည်းကြေကွဲခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ယာယီသမ္မတ ဦးမြင့်ဆွေ သည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၇)ရက်နေ့ နံနက် ၈ နာရီ ၂၈ မိနစ်တွင် အမှတ်(၂) တပ်မတော်ဆေးရုံကြီး ခုတင်(၁၀၀၀)၌ ကွယ်လွန်သွားသည့် အတွက် ကျန်ရစ်သူမိသားစုနှင့်ထပ်တူ ဝမ်းနည်းရပါကြောင်း ဖော်ပြအပ် ပါသည်။

ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

USDP

AungMyat

.

😢😢😢

.

7.8.2025

ကျရာနေရာ
​ပေးရာဇာတ်ရုပ်ကနေ
နောက်ဆုံးအချိန်ထိ
ပုံစံအစုံနဲ
တာဝန်ကျေပွန်အောင်
ထမ်းဆောင်ခဲ့တဲ့
“ဦးမြင့်ဆွေ”
ကောင်းရာသုဂတိ
ရောက်ရှိမည်ဟု
ယုံကြည်ပါတယ် •••

AungMyat

.